နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2024
image_latest


နေပြည်တော် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလဆန်း ၉ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တပ်ကုန်းမြို့နယ်ခရမ်းစပ်ကုန်းကျေးရွာ မြောက်ကျောင်းဆရာတော် ဘဒ္ဒန္တဦးကောသလ္လနှင့် ပျဉ်းမနားမြို့ ရတနာမှန်ကျောင်းတိုက် ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသတို့အမှူးပြုသော ပင့်သံဃာငါးပါးတို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ အခမ်းအနားတက်ရောက်သူများက တရားတော်များနာယူ ကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

Posted on Apr 26, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

HOT NEWS
January 4,