နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 11, 2025


မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၂)၊ အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများတွင် စာရင်းပညာကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များ အချိုးညီတိုးပွားများပြားလာစေရေးအတွက် Diploma in IPSAS နှင့် Diploma in IFRS သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက်လာနိုင်ပြီး ပိုမိုကောင်းမွန်သောတာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိတဲ့ ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲနိုင်ခြင်း၊ မိမိလုပ်ငန်း၏ ဘဏ္ဍာ ရေး အခြေအနေနှင့် လုပ်ငန်းဆောင်တာအခြေအနေတို့ကို အခြားလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် လေ့လာစိစစ်သုံးသပ်နိုင် သည့် အကျိုးကျေးဇူးများကို ရရှိစေခြင်း၊ သင်တန်းမှသိရှိထားသည် အသိပညာများသာမက ခေတ်ကာလနှင့်အညီ စာရင်းစံဆိုင်ရာပြောင်းလဲမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆည်းပူးရခြင်း၊ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့အသုံးချခြင်း၊ ဌာနရှိဝန်ထမ်းများကို ပြန်လည်မျှဝေပေးခြင်းတို့ဖြင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထို့အပြင် ယခုသင်တန်းအောင်မြင်ပြီး အပိုင်း(၂)၊ အပိုင်း(၃)သို့ ဆက်လက်တတ်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာ ရရှိစေ‌ရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၉) ဦး၊ ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများမှ သင်တန်းသား (၂၈) ဦး စုစုပေါင်း သင်တန်းသား (၃၇) ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အပိုင်း (၃) အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)

Posted on Jul 10, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)