နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2025

နေပြည်တော် မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မွန်းလွဲပိုင်းတွင် မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းနှင့် အောင်မြေသာဇံမြို့နယ် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ အခြေခံပညာ ဆရာ ဆရာမများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းအဆင့်သည် အခြေခံပညာအဆင့်တွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတကာ “စံ” အရ တက္ကသိုလ်ဝင်ခွင့် အသိအမှတ်ပြု စာမေးပွဲဖြစ်သည့်အတွက် အလွန်အရေးကြီးပါကြောင်း၊ ငလျင်ဒဏ်မှရုန်းထွက်၍ မိမိရည်မှန်းချက်အတိုင်း ယခုကဲ့သို့ မလျှော့သော ဇွဲလုံ့လဖြင့် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်မှုများသည် ဘဝတစ်လျှောက်ကြုံတွေ့နိုင်မည့် အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန် အဓိကကျသည့် စိတ်ခွန်အားတစ်ခုပင်ဖြစ်ပါကြောင်း၊ ယခု Grade-12 စာမေးပွဲအား အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရန် ကျောင်းသား၊ ဆရာ၊ မိဘများ တက်ညီလက်ညီ ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့အစည်း အသီးသီးမှလည်း အထူးအလေးထား ကြပ်မတ်ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြင်ဦးလွင်ခရိုင်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ အင်အား၏ ၉၉ ရာခိုင်နှုန်း တက်ရောက်ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိသဖြင့် အလွန်အားရကျေနပ်မိပါကြောင်း၊ ကျန်ရှိနေသော အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများကိုလည်း အမြန်ဆုံးရောက်ရှိပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုလို အားသွန်ခွန်စိုက် လာရောက်သင်ကြားပို့ချပေးသည့် ဆရာ ဆရာမများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ နေထိုင်သင်ကြား လေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် စခန်းသွင်းဝင်ရောက်ရေး၊ ဆရာ ဆရာမများ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင်ပြေချောမွေ့စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများအား သွားရောက်ကြည့်ရှု၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။