နိုင်ငံ့ဝန်ထမ်း ပီသစွာ နိုင်ငံအပေါ် သစ္စာရှိရန်လို
နိုင်ငံ့ဝန်ထမ်း ပီသစွာ နိုင်ငံအပေါ် သစ္စာရှိရန်လို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 18, 2025
နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ “နိုင်ငံဖြတ်ကျော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (TRACIT)”၏ ဖော်ပြချက်အရ နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနည်း တရားမဝင်ကုန်သွယ်နေကြသည်ဟု သိရသည်။ မိမိတို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့်နယ်နိမိတ်ထိစပ်လျက်ရှိပြီး အလွယ်တကူဖြတ်ကျော်နိုင်သော၊ ထိန်းသိမ်းစောင့်ကြည့်ရန် ခက်ခဲသော နယ်စပ်များရှိနေခြင်းက တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ထိန်းချုပ်ရန်ခက်ခဲပြီး တရားမဝင်ကုန်သွယ်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
အဆိုပါ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများရှိနေခြင်းက နိုင်ငံတော်အတွက် အခွန်အခမှတစ်ဆင့် ဘဏ္ဍာငွေရရှိမှုများစွာနစ်နာ ဆုံးရှုံးစေသည်။ ထို့အပြင် ပြည်ပသို့ တင်ပို့သည့် ပို့ကုန်နှင့် ပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာသည့် သွင်းကုန်ညီမျှမှုမရှိဘဲ ကွာခြားနေပြီး ထိုကဲ့သို့ ကုန်သွယ်မှုတန်ဖိုးမညီမျှခြင်းက နိုင်ငံတော်ရရှိမည့် အခွန်အခအမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ နစ်နာစေသည်။ ထိုမျှမကသေး တရားမဝင် ပို့ကုန်၊ သွင်းကုန်တန်ဖိုးအတွက် သုံးစွဲလိုက်သည့် နိုင်ငံခြားသုံးငွေ၊ ရရှိလာသည့် နိုင်ငံခြားသုံးငွေတို့မှာလည်း တရားမဝင်ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်သည့် သစ္စာမဲ့နိုင်ငံ့ ဝန်ထမ်းများကြောင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေများစွာကို နစ်နာ စေပြန်သည်။ တရားမဝင်ရရှိလာသည့် နိုင်ငံခြားသုံးငွေများမှာလည်း Cryptocurrency ကဲ့သို့ တရားမဝင်ငွေကြေးစီးဆင်းမှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ နိုင်ငံခြားငွေရရှိနိုင်မှုကို များစွာထိခိုက်နစ်နာစေသည်။
တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် အရည်အသွေးပြည့်မီခြင်းမရှိသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်းသုံးစွဲသူများကို ထိခိုက်နစ်နာစေသည်။ ကုန်ဈေးနှုန်းကမောက်ကမဖြစ်စေပြီး ပြည်တွင်းမှ ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေသည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်စွမ်းကို ထိခိုက်စေခြင်းက အလုပ်အကိုင်အခွင့်အလမ်းများကို ဆုံးရှုံးစေသည်။ ကုန်ထုတ်စွမ်းအားလျော့ကျခြင်း၊ ပို့ကုန်လျော့ကျခြင်း စသည်တို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် “နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သောနယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့မှာ ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ ကျောချင်းကပ်နေလေ့ရှိသည်။ တရားမဝင်ကုန်သွယ်မှု ကြီးထွားနေခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက် မှုကို နှောင့်နှေးစေပြီး နိုင်ငံ့စီးပွားရေးကို ထိခိုက်စေသည်။ နိုင်ငံ့စီးပွားထိခိုက်ခြင်းက ကျန်ကဏ္ဍများကို ဆက်လက်ထိခိုက်စေသည့်အတွက် တရားမဝင်ကုန်သွယ်မှုကို နိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လောဘ၏ သွေးဆောင်ရာနောက်သို့လိုက်ပါပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေနိုင်သည့် အမှုတို့တွင် ပါဝင်ပတ်သက်မှု မရှိကြရန်၊ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာထားရှိရန် နှိုးဆော်တိုက်တွန်းရပါကြောင်း။ ။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Nov 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 31, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 17, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
