နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ညှိနှိုင်းစည်းဝေး

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ညှိနှိုင်းစည်းဝေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေး

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရက ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှုပြုထားကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ပြည်သူများ နှစ်သက်စွာစားသုံးသည့် ဆီအမျိုးအစားနှင့် စားသုံးမှုပမာဏကိုလေ့လာပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ကြိုးပမ်းလျက်ရှိကြောင်း။

သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိစေရန် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူအဆင့်ဆင့်တို့က မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်များကို စိုက်ပျိုးရာသီအလိုက် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ရေ၊ မြေ၊ ရာသီဥတု အခြေအနေကောင်းများရှိနေပြီး ပညာရှင်အရင်းအမြစ်များ ပြည့်စုံလျက်ရှိသော နေပြည်တော်ကောင်စီနယ်မြေကို ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားသော စံပြဒေသအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍများမှ အကြံပြုဆွေးနွေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဆောင်ရွက်လျက်ရှိသည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြ ပြီး ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ရေရရှိရေးလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့အသုံးပြုနိုင်ရေးနှင့် သွင်းအားစုဓာတ်မြေဩဇာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး စီမံဆောင်ရွက်နေမှုများ၊ လုပ်ငန်းများ အောင်မြင်ရေးအတွက်ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီ၌ မြေပဲဧက ၄၇၀၀၀ ကျော်၊ နှမ်းဧက ၈၀၀၀၀ ကျော်၊ နေကြာဧက ၄၆၀၀ ကျော် စုစုပေါင်း ဆီထွက်သီးနှံ ဧက ၁၃၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Posted on May 06, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 05, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

Posted on May 6, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Posted on May 6, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

Posted on May 5, 2024

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

HOT NEWS
January 4,