နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်းဝင်ရောက်ကာ အမျိုးသမီး ၁ ဦးအားသတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်းဝင်ရောက်ကာ အမျိုးသမီး ၁ ဦးအားသတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 13, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၃

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃) နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ) ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်းကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့်အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များကိုအခြေခံ၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝန်း အနီးကျူးကျော်တဲနေ မျိုးမင်းထွန်း (၂၄) နှစ် (ဘ) ဦးတင်မောင်အား အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျူးကျော်တဲ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ ကိုဖြိုး (ခ) ဖြိုးသက်ပိုင် (၂၃) နှစ် (ဘ) ဦးအောင်ကျော်အား အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီတွင် မန္တလေးမြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာနေ ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲ (၂၀) နှစ် (ဘ) ဦးဇော်မင်းအေး အား အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မကွေး-မန္တလေးပြေးဆွဲသည့်ခရီးသည်တင် ယာဉ်ပေါ်၌လည်းကောင်း လုယက်ယူဆောင်ခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံများ၏ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝန်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ တရားခံ ကိုဖြိုး (ခ) ဖြိုးသက်ပိုင်သည် ၎င်း၏အလုပ်ရှင်ဖြစ်သူမှတစ်ဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုးမှာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ် (K-1)၊ အခန်း (၁၃) ၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအား သတ်ဖြတ်၍ ပစ္စည်းများလုယက်ယူဆောင်ရန် အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏လုပ်ဖော်/ကိုင်ဖက်များဖြစ်ကြသည့် မျိုးမင်းထွန်းနှင့် ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲတို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြကြောင်း။

အခင်းဖြစ်ပွားသည့် အောက်တိုဘာလ ၆ ရက်နေ့၌ ပြစ်မှုကျူးလွန်ရာတွင်  အသုံးပြုရန်အတွက် အရိုးအသွား ၁၀ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် ၂ ချောင်းအား ချယ်ရီဈေးမှလည်းကောင်း၊ ရာဘာလက်အိတ် ၃ စုံအား သုခတော်ဝင်အိမ်ရာဝန်းအတွင်းရှိ ဆေးဆိုင်မှလည်းကောင်းဝယ်ယူကာ ည ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)သို့ သွားရောက်ခဲ့ပြီး ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံစကားပြောနေစဉ် ဒေါ်စန္ဒာမိုးမှ ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး (ခ) ဖြိုးသက်ပိုင်တို့မှ ဒေါ်စန္ဒာမိုးအားနောက်မှ သိုင်းဖက်ချုပ်ကိုင်ပေးပြီး ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲမှ အသင့်ယူဆောင်လာသော ဓားဖြင့် ၄ ချက်ခန့်ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၂၀,၀၀၀ တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့သူ ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲ၊ မျိုးမင်းထွန်းနှင့် ကိုဖြိုး (ခ) ဖြိုးသက်ပိုင်တို့ ၃ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာဆောင်ရွက်မှုများ တွေ့ရှိရပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပေးပို့တိုင်ကြားနိုင်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Mar 3, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Posted on Mar 2, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

HOT NEWS
January 4,