နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ
နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
နေပြည်တော် ဖေဖော်ဝါရီ ၉
နေပြည်တော်ရင်ပြင်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့် အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဝန်ဆောင်မှုများပေးလျက်ရှိ
ပြပွဲကာလအတွင်း MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်လက်မှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့် အခြားဦးစီးဌာနများ၌ တင်သွင်း/ တင်ပို့မှုဆိုင်ရာ ထောက်ခံချက်ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ/ လက်ကားဆိုင်များဖြစ်သည့် MaKro ၊ City Mart ၊ One Stop Mart ၊ Aeon စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ရေးဆောင်ရွက်ရာတွင်လိုအပ်သည့် ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ် စသည့်ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပ စျေးကွက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ပြပွဲဒုတိယမြောက်နေ့ရက်ဖြစ်သည့် ယနေ့တွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် ၈၇ ဦး၊ ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လက်လီ/ လက်ကား (၁၁) ဆိုင်နှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် ၄၁ ဦး၊ ရင်းနှီးမတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ ဘဏ် ၁၃ ခုနှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် ၄၀၊ ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင် ၂၁ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Posted on Feb 10, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Posted on Feb 06, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Posted on Feb 04, 2026
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Posted on Feb 10, 2026အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Posted on Feb 10, 2026၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Posted on Feb 10, 2026၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
