နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2024
image_latest


နေပြည်တော် ဧပြီ ၁၅

၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများကို ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၁၉ ဦးပါဝင်သည့် ဒုတိယအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြသည်။

အဆိုပါ ကိုရီးယားအနုပညာရှင်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်သို့ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များက အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

အဆိုပါအဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်သို့ သွားရောက်ဖျော်ဖြေ တင်ဆက်ကြကြောင်း၊ ယင်းအဖွဲ့တွင် K-Pop Group “Highless” မှ အဖွဲ့ဝင်များဖြစ်ကြသည့် လီဆူမင်နှင့် မြောင်ဂျင်အာ၊ K-Pop အဆိုတော် ဂျောင်ဒယ်ရီ၊ Gold (ကင်ဂျီယောင်း)၊ ကင်မင်ဂျီ၊ ကင်ယီချန်း၊ K-Pop (Dias) အမျိုးသား လေးဦး အကအဖွဲ့နှင့် DJ ဂျိုးဂျိုးတို့ အပါအဝင်စုစုပေါင်းအနုပညာရှင် ၁၉ ဦး ပါဝင်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။