နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2024
image_latest


နေပြည်တော် ဧပြီ ၁၅

၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများကို ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၁၉ ဦးပါဝင်သည့် ဒုတိယအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြသည်။

အဆိုပါ ကိုရီးယားအနုပညာရှင်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်သို့ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များက အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

အဆိုပါအဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်သို့ သွားရောက်ဖျော်ဖြေ တင်ဆက်ကြကြောင်း၊ ယင်းအဖွဲ့တွင် K-Pop Group “Highless” မှ အဖွဲ့ဝင်များဖြစ်ကြသည့် လီဆူမင်နှင့် မြောင်ဂျင်အာ၊ K-Pop အဆိုတော် ဂျောင်ဒယ်ရီ၊ Gold (ကင်ဂျီယောင်း)၊ ကင်မင်ဂျီ၊ ကင်ယီချန်း၊ K-Pop (Dias) အမျိုးသား လေးဦး အကအဖွဲ့နှင့် DJ ဂျိုးဂျိုးတို့ အပါအဝင်စုစုပေါင်းအနုပညာရှင် ၁၉ ဦး ပါဝင်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 29, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on May 28, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၂၇ ရက်၊ တနင်္လာနေ့။


Posted on May 27, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on May 26, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၂၅ ရက်၊ စနေနေ့။


Posted on May 25, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂၄ ရက်၊ သောကြာနေ့။


Posted on May 24, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ကြေညာ

Posted on May 29, 2024

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions)နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on May 28, 2024

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်ယူစနစ်(Hire Purchase System)ဖြင့် မော်တော်ယာဉ်ဝယ်ယူထားသူများအား အသိပေးအကြောင်းကြားခြင်း

Posted on May 28, 2024

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်ယူစနစ်(Hire Purchase System)ဖြင့် မော်တော်ယာဉ်ဝယ်ယူထားသူများအား အသိပေးအကြောင်းကြားခြင်း

HOT NEWS
January 4,