နေပြည်တော်၌ ပြည်သူများ နှစ်သစ်ကို တစ်ခဲနက် ပျော်ရွှင်စွာကြိုဆိုကြ
နေပြည်တော်၌ ပြည်သူများ နှစ်သစ်ကို တစ်ခဲနက် ပျော်ရွှင်စွာကြိုဆိုကြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
နေပြည်တော် ဒီဇင်ဘာ ၃၁
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နှစ်သစ်ကူးညတွင် ပြည်သူများ၊ လူငယ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ကွင်းပြည့်ကွင်းလျှံ လာရောက်ပါဝင်ဆင်နွှဲကြပြီး နှစ်သစ်ကို ပျော်ရွှင်စွာ အတူတကွ ကြိုဆိုကြသည်။
ထို့ပြင် နှစ်သစ်ကူးတေးဂီတဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ နှစ်သစ်ကူးတေးဂီတဖျော်ဖြေပွဲ ဖျော်ဖြေရေးအစီအစဉ် တွင် Music Band ၊ DJ များနှင့်တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များဖြစ်ကြသည့် ရဲရင့်အောင်၊ J FIRE ၊ အန္နေရ၊ ဂျူနီယာချစ်ကောင်း၊ ခိုင်မြဲသစ္စာ၊ နောနော်၊ ဖြိုးကြီး၊ ဆုလှိုင်၊ AZALEA DANCER GROUP နှင့် ICE COLD တို့က ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထိုကဲ့သို့ နိုင်ငံကျော်အဆိုတော်များ၏ ပရိသတ်အကြိုက်တေးသီချင်းများဖြင့် ဖျော်ဖြေမှုတွင် ပွဲတော်လာပရိသတ်များက စည်းချက်နှင့်အညီ လိုက်ပါသီဆိုကခုန်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထို့အတူ ပွဲတော်လာပြည်သူ များသည် ၂၀၂၅ ခုနှစ် ကုန်ဆုံးမည့် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ မထိုးမီ နှစ်သစ်ကူး Countdown ကို တပျော်တပါး သံပြိုင်ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကာ မီးရှူးမီးပန်းများ ပစ်ဖောက်မှုနှင့်အတူ ၂၀၂၆ ခုနှစ် နှစ်သစ်အခါသမယကို ပျော်ရွှင်စွာစုပေါင်းကြိုဆိုကြသည်။
ပွဲတော်လာ ပြည်သူများအတွက် ဖျော်ဖြေရေးကွင်းအတွင်း၌ စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် ဒေသအစားအစာများကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံးကြသည့် ဖျော်ဖြေပွဲလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် အပျော်တမ်းဂိမ်း ကစားကြသူများ၊ ချားရဟတ်စီး ကြသူများ၊ Photo Booth များတွင် အမှတ်တရအလှဓာတ်ပုံ ရိုက်ကြသူများ၊ ပျော့အိကလေး ကစားကွင်း၌ ပျော်ရွှင်စွာဆော့ကစားကြသည့် ကလေးငယ်များဖြင့် အထူးစည်ကားခဲ့သည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေ ပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များရရှိနိုင်ရန်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
သတင်းထုတ်ပြန်ချက်
Posted on Dec 31, 2025
