ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းပြုလုပ်သူများအား အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းပြုလုပ်သူများအား အရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2026


    ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြဝတီရပ်ကွက်နေ ဦးခင်မောင်မောင်သွင်(၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Khin Mg Mg Thwin” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ခင်မောင်မောင်သွင် အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ကန်ကြီးထောင့်မြို့မရဲစခန်း (ပ)၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။

    အလားတူ ဒီဇင်ဘာ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်နေ ဒေါ်မြသီတာ(၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “Mya Thida” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင် လွဲမှားစေသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြသီတာ အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ  ၉ ရက်တွင် ဟင်္သာတမြို့မရဲစခန်း (ပ)၁၀/ ၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/ ၂၈ ဖြင့် လည်းကောင်း။

    ထို့အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသား တစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက် ရပ်ကွက်နေ မင်းထက်(ခ)ကိုမင်း(၂၂)နှစ်သည် မြို့တော်ခန်းမရှေ့ဝင်ပေါက်အနီး၌ “Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ်ထူစက္ကူအား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတားမြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။

    ထို့အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး(၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာမူလတန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအား ဇန်နဝါရီ ၁၁ ရက်တွင် မုတ္တမနယ်မြေရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးပြီး တရားခံများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 


၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 11, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Posted on Jan 10, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း

Posted on Jan 14, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက...

Posted on Jan 14, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

HOT NEWS
January 4,