ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းဟု ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေ
ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းဟု ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 09, 2023

နေပြည်တော် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်သင်တန်းပေးရန်အတွက် ကျေးရွာတစ်ရွာလျှင် လူသုံးဦးစာရင်းပေးရန် ညွှန်ကြားသည်ဟု ပုသိမ်မြို့နယ်အတွင်းကျေးရွာမှ ဒေသခံတစ်ဦးကပြောကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Ayeyarwaddy Times မှ ကောလာဟလ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ မေးမြန်းချက်အရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် အခြားမြို့နယ်များသို့ ပြည်သူ့စစ်သင်တန်းပေးရန်အတွက် မည်သည့်ညွှန်ကြားချက်မှ ပေးထားခြင်းမရှိကြောင်း သိရှိရပြီး အများပြည်သူစိုးရိမ်ထိတ်လန့်မှုဖြစ်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများ လိမ်လည်ရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။