ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2024
image_latest


နေပြည်တော် ဧပြီ ၃၀

ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ သုံးဆယ်ရေလှောင်တမံစီမံကိန်း အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ပဲခူးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ သုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစု ပံ့ပိုးပေးသည့်စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိ အောင်မြင်စေရန် အတွက် ဆီထွက်သီးနှံအထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ဇုန်တာဝန်ခံများက လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။

ဇုန်ပြင်ပ စိုက်ဧကများကိုလည်း စိုက်ဧက၊ အထွက်နှုန်းများ မကျဆင်းစေရေးကို တစ်ပါတည်း ဆောင်ရွက်ကြရန် ကိန်းဂဏန်းနှင့် စာရင်းဇယာအချက်အလက်များကို အထူးအလေးထား တိတိကျကျ မှတ်တမ်းတင်ကြရန်၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝါသီးနှံကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင် ရွှေတောင်မြို့နယ် နတ်မော်လျှပ်စစ်ရေတင် လုပ်ငန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရေရရှိရေး အဆိုပြုတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ အဆိုပြုတင်ပြထားမှုများကို သက်ဆိုင်ရာကြီးကြပ်မှုကော်မတီမှ စနစ်တကျ စိစစ်၍ ချေးငွေများ ချေးပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိရာ ယခုပထမအကြိမ်အဖြစ် ချေးငွေခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု၊ လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၄၄)၊ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူး မြို့နယ် လက်ပံကျေးရွာအနီးရှိ လက်ပံလျှပ်စစ် ရေတင်လုပ်ငန်း ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ရေရရှိရေး အဆိုပြုတောင်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး၍ ဆိုလာစနစ်ဖြင့် ရေတင်လုပ်ငန်းဆောင်ရွက်ခြင်း သရုပ်ပြရှင်းလင်းမှုများနှင့်အတူ တောင်သူများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 22, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on May 21, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,