ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်နေ့အကြိုအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်နေ့အကြိုအခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / January 05, 2026


ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ်တော်မွေးနေ့အထိမ်းအမှတ် အဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ခရစ္စမတ်နေ့အကြိုအခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဆုံဆည်းရာစားရိပ်သာ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများတက်ရောက် ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ခရစ္စမတ် နေ့သည် ခရစ်ယာန်ဘာသာဝင်များ၏ အထွက်အမြတ်ထားရာအထိမ်းအမှတ်ပြုသည့် နေ့ထူး နေ့မြတ်ဖြစ်ပါကြောင်း၊ မိမိတို့ရုံးတွင် ခရစ်တော်မွေးနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်မှ စတင်ကျင်းပပေးခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပပေးနိုင်ခဲ့သည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံး ခရစ္စမတ်ပွဲကို ပျော်ရွှင်စွာ ကျင်းပကြပြီး ခရစ်တော်မွေးဖွားလာခြင်းကိုကြိုဆိုကြပါကြောင်း၊ ကိုးကွယ်ယုံကြည်ရာမတူညီ သော်လည်း ငြိမ်းအေးခြင်းကို လိုလားသည်မှာ အတူတူပင်ဖြစ်သည့်အတွက် တစ်ဦး၏ ယုံကြည်ရာကို တစ်ဦးက လေးစားရမည်ဖြစ်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်များအားလုံး ခရစ္စမတ်အချိန်အခါသမယ၌ ဝမ်းမြောက်ပျော်ရွှင်၊ ငြိမ်းချမ်းခြင်းများကို ရရှိခံစားပြီး လာမည့် နှစ်သစ်တွင်လည်း ဘေးဘယာကင်းဝေး၍ ကျန်းမာစွာဖြင့် အေးချမ်းသာယာပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားခဲ့သည်။

ထို့နောက် ခရစ်ယာန်ဘာသာဝင်များက အဖွင့်ဆုတောင်းမေတ္တာပို့သခြင်းနှင့် ခရစ်တော် မွေးနေ့အကြောင်းသိကောင်းစရာများကို ချီးမွမ်းပြောကြားခြင်း၊ သံပြိုင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး စီမံရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်ဂျေကိုင်ဆန်က ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့်ဝန်ထမ်းများအတွက် မေတ္တာပို့သဆုတောင်း ပေးခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများက ခရစ်တော်မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်ကို အတူတကွ ခွဲကြပြီး “Merry Christmas to You” သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များက ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများသို့ ခရစ္စမတ်လက်ဆောင် များ ပေးအပ်ပြီး ဝန်ထမ်းများကလည်း ရုံးအကြီးအကဲများထံသို့ ခရစ္စမတ်လက်ဆောင်များကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများကိုယ်စား စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးဖြူက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျေးဇူးတင် တေးသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 04, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Posted on Jan 03, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Posted on Jan 02, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်)...

Posted on Jan 6, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Dec 31, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Posted on Jan 5, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,