ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သည့် အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / January 09, 2026

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက် သည့် အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့်ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူး တည်းဖြတ်မှု (Video Editing) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၂ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ကျင်းပပြုလုပ်မည့် အခမ်းအနား များ၊ အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသည့် ဓါတ်ပုံ၊ ဗီဒီယိုနှင့် သတင်း မှတ်တမ်းများရရှိစေရန်၊ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ အခမ်းအနားမှူး (Master of Ceremony) ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးတည်းဖြတ်( Video Editing) ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အခြေခံသဘောတရားများ၊ အသိပညာ၊ ဗဟုသုတများကို အသေးစိတ်သိရှိရမှာဖြစ်သည့်အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ သတင်းအချက်အလက်သည် ဆက်သွယ်ရေးတွင် အလွန်အရေးကြီးပါကြောင်း၊ တင်ပြမှုများ သည်ကောင်းမွန်ပြီးစနစ်ကျနမှုရှိမှသာ ပြည်သူသို့ အသိပေးချင်သည့်အကြောင်းအရာသည် အကောင်းဆုံး တင်ပြပေးနိုင်မည်ဖြစ်သည့်အတွက် အရေးပါသော သင်တန်းများဖြစ်ကြောင်း၊ သင်တန်းများသည် Professional သင်တန်းများဖြစ်သည့်အတွက် တက်ရောက်သည့်ဝန်ထမ်း များအနေဖြင့် ဆွေးနွေးသင်ကြားပို့ချချက်များကို ဂရုတစိုက် အလေးထားသင်ယူမှတ်သားကြရန်၊ မရှင်းလင်းသည့်အချက်များ၊ ထပ်မံသိရှိလိုသည့်အချက်များကိုလည်း မေးမြန်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အခမ်းအနားမှူး (Master of Ceremony) သင်တန်းတွင် သင်တန်းသား ၄၉ ဦးနှင့် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု ( Video Editing ) သင်တန်း တွင် သင်တန်းသား ၃၉ ဦး ၊ စုစုပေါင်း သင်တန်းသား ၈၈ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်တန်းကာလ (၅) ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။

Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။

Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။

Posted on Jan 05, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Jan 9, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,