ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / May 22, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည့်မြောက်ခဲ့သည့် (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့ နံနက် ၉ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါက်တာခင်နိုင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဌ၊ ဒုတိယစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက နဝရတ်ခန်းမတွင်လည်းကောင်း၊ ဒေသစာရင်းစစ်ရုံး များမှ ဝန်ထမ်းများက Online ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံ၏“ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး” ကို ဦးတည်ပြီး အစိုးရဌာန၊ အဖွဲ့အစည်းများ၏ စာရင်းနှင့်လုပ်ငန်း ဆောင်ရွက်မှုများကို စစ်ဆေးခြင်းဖြင့် နိုင်ငံတော် အတွက်အရေးပါသည့် ဌာနတစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်လာခဲ့ရာ ၂၀၂၆ ခုနှစ်တွင် (၈၉) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာ သည့် စစ်ဆေးရေးစံများ၊ နည်းလမ်းများကိုအသုံးပြု၍ “ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းတာဝန်ကို နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းမှုကို အထောက် အကူပြုစေနိုင်ရေး အဓိကထားဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင်ကဏ္ဍတို့တွင် စာရင်းပညာရပ်ဆိုင်ရာများ၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဌာနတွင်းစီမံအုပ်ချုပ်မှုများပိုမို ကောင်းမွန်စေရေး စသည်တို့အတွက် မဟာဗျုဟာရည်မှန်းချက်များချမှတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အနာဂတ်ကာလများတွင်လည်း စည်းကမ်းရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု တို့ကိုအခြေခံကာခေတ်မီ စစ်ဆေးရေးနည်းပညာရပ်များ အသုံးပြုပြီး ပိုမိုတိုးတက်သော အရည် အသွေးမြင့်မားသည့်စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပြီး အဖွဲ့အစည်းက ချမှတ်ထားသည့် ကျင့်ဝတ်စံတန်ဖိုးများကို တိကျစွာစောင့်ထိန်း လိုက်နာလျက် မိမိအဖွဲ့အစည်းကို ချစ်မြတ်နိုးတန်ဖိုးထားသည့်စိတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ရုံး၏နာမည်ဂုဏ်သတင်းကောင်းများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွား ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရုံးနှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာသူများအား (၈၉) နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းလွှာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့နှင့် ဦးစီးဌာန (၃) ခု၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကို Video Clip ဖြင့် ပြသခြင်း၊ နှစ်ပတ်လည် အထိမ်းအမှတ် စပ်ဆိုထားသည့် “မော်ကွန်းသစ်(သို့မဟုတ်) Eternal OAG ” ရုံးသီချင်းအား Video Clip တင်ဆက် ပြသခဲ့သည်။

ဆက်လက်၍ ဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၊ ဧည့်သည်တော်များ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူ များနှင့်အတူရုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဓါတ်ပုံများခင်းကျင်းပြသထားမှုကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံထူးချွန်ဆုရရှိသူများ၊ ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည် အကောင်းဆုံးဆု ၊ သင်ကြားမှုအကောင်းဆုံးဆု ၊ သင်တန်းထူးချွန်ဆု ၊ အသိပညာ၊ ဗဟုသုတ မျှဝေတင်ပြမှုအကောင်းဆုံးဆု ၊ တေးသီချင်းဆု ၊ မဂ္ဂဇင်းစာမူရှင်ဆု ရရှိသူ စုစုပေါင်း( ၁၅၂ ) ဦးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သက်ပြည့်အငြိမ်းစားယူခဲ့သည့် ဝန်ထမ်း (၄၇) ဦးတို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး‌ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဝန်ထမ်းများ၏ အသိပညာ၊ ဗဟုသုတများ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်စေရေး၊ လုပ်ငန်းကျွမ်းကျင်မှုနှင့်စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးကို အလေးထား အားပေးမြှင့်တင်နိုင်ရန်တို့ကို ရည်ရွယ်ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များအရ ပညာရေး၊ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြု စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနအဖွဲ့အစည်းများ၏ အကောင်အထည်ဖော်ဆောင် ရွက်နေသည့် Pilot Project စီမံချက်များ၊ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များကို လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် Real Time Audit စစ်ဆေးမည့် လုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ညနေပိုင်းတွင် ဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များအား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့သည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ