ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / October 27, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၂/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင် Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်၏ဘဏ္ဍာ ရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာန၊ အဖွဲ့ အစည်းများ၏ ဘဏ္ဍာရေးစာရင်း၊ လိုက်နာဆောင်ရွက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို စစ်ဆေးရာတွင် စစ်ဆေးရေးစီမံချက်နှင့်အညီစစ်ဆေး၍ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများ အချိန်မီထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ IT Audit တိုးချဲ့ဆောင်ရွက်နိုင် ရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားရေးအတွက် လေ့ကျင့်သင်ကြားရေးအစီအစဥ်များတွင် ရုံးချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်တွေ့နှင့် ပေါင်းစပ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ကြရန် လည်းလိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသည့် အစီရင်ခံစာများ အချိန်မီထုတ်ပြန်ရန်၊ အရေးကြီးစစ်ဆေးတွေ့ရှိချက်များ၊ ချက်ချင်းအရေးယူဆောင်ရွက်ရန်များကို အချိန်နှင့် တစ်ပြေးညီတင်ပြရန်၊ သတင်းအချက်အလက်လုံခြုံမှုရှိစေရေး ဂရုပြုကြရန်၊ ကျင့်ဝတ်သိက္ခာ လိုက်နာပြီး နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅ ရက်နေ့ မွန်းလွဲ ၂ : ၃၀ နာရီတွင် ကျင်းပရာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်များမှ ညွှန်ကြားရေးမှူးများက စစ်ဆေးခြင်းဆိုင်ရာ၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းဆိုင်ရာများ၊ တွေ့ကြုံရသည့် အခက်အခဲ၊ ဖြေရှင်း ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော် စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးများမှ ညွှန်ကြားရေးမှူးများက စစ်ဆေးရေး၊ ဝန်ထမ်းနှင့်စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆွေးနွေးတင်ပြကြပြီး စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံရေးရာနှင့်ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ နည်းပညာ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းပိုင်းဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေးမှာကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပရာ စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဌာနခွဲ-၄၊၅၊၆) က စစ်ဆေးရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်ဆွေး‌နွေးမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး (၁၃) ရုံး၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက နဝရတ်ခန်းမတွင်လည်းကောင်း၊ ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးမှ Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် Working Level ညှိနှိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး အမြဲတမ်းအတွင်းဝန်မှ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးအဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာဖွံ့ဖြိုးရေး နှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းဆိုင်ရာများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ စီမံရေးရာဦးစီးဌာနမှ စီမံရေးရာများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း လမ်းညွှန်မှာကြား ခဲ့ကြပြီး တိုင်း​ဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူးများက လုပ်ငန်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးတင်ပြခဲ့ကြသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Posted on Oct 25, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 23, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Posted on Sep 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

ရေကြောင်းသတိပေးကြေညာချက်

Posted on Oct 27, 2025

ရေကြောင်းသတိပေးကြေညာချက်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Posted on Oct 27, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

HOT NEWS
January 4,