ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၆

ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရေးအတွက် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ ထိရောက်စွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်မောင်မယ်များကို အဆင့်မြင့်ပညာရပ်များ အခမဲ့သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

ဖွံ့ဖြိုးရေးတက္ကသိုလ်အား စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၇၅ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၉၇၇ ဦး၊ ဆရာ အတတ်သင်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး စုစုပေါင်းဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၄၆၉၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့် အမိတက္ကသိုလ်က လေ့ကျင့်သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို စဉ်ဆက်မပြတ်တိုးတက် မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့သင်ကြားပြုစုပျိုးထောင်ရမည့် ကျောင်းသားလူငယ်များအား စာပေပညာ ရပ်များအပြင် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်လျက် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး၊ ဗဟုသုတ၊ အတွေးအခေါ်၊ အမြော်အမြင်များ မှန်ကန်မြင့်မားစေရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ထူးချွန်ထက်မြက်သူများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးသွားရမည် ဖြစ်ပါကြောင်း၊ ဆရာဆိုသည်မှာ ပညာပေးဝေသူဖြစ်ပြီး ပညာရှာမှီးနေ သူများလည်းဖြစ်ရန်လိုအပ်ပါကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်သွန်သင် ပြသပေးနိုင်သည့် ဆရာကောင်းများကသာ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။

သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်နှင့်ပြည်သူများက အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် အစဉ်နှလုံးသွင်းပြီးပေးအပ်သော တာဝန်များကို တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာထူးချွန်ဆု၊ စာပေဘာသာထူးချွန်ဆု(သိပ္ပံတွဲ)နှင့် စာပေဘာသာထူးချွန်ဆု(ဝိပ္ပံတွဲ) ဆုရရှိသူများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာ ထူးချွန်ဆုရ(ဝိဇ္ဇာတွဲ)၊ တိုင်းရင်းသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှုထူးချွန်ဆုနှင့် ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရရှိသူများကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးတို့က အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ချုပ်တို့သည် ဘွဲ့နှင်းသဘင်ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရရှိသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ လေ့ကျင့်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်ရေ၊ မီးရရှိမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြရာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကာ တက္ကသိုလ်ရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ကျောင်းဝင်းအတွင်းရှိ ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် လေ့ကျင့် သင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူ များ၏ အခြေခံစစ်ပညာသင်တန်း လေ့ကျင့်သင်ကြားနေမှု၊ ပွဲကြည့်စင်နှင့် ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ထားရှိမှု၊ မိုးလုံလေလုံအားကစားခန်းမ၌ ဘော်လီဘောလေ့ကျင့်နေမှု၊ အိပ်ဆောင်များနှင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Posted on Nov 07, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Posted on Nov 06, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 05, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Posted on Nov 04, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Posted on Nov 03, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 02, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Nov 6, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

HOT NEWS
January 4,