ပြည်ထောင်စုရာထူးဝန်အဖွဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 16, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၈)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ယာယီဝန်ထမ်းအိမ်ရာ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို စတင်စိုက်ပျိုးပေးကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးကြပြီး ယာယီဝန်ထမ်းအိမ်ရာ လမ်းဘေးဝဲ/ယာ၊ စိုက်ကွက်အလိုက် ဝန်ထမ်းများသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဆည်အမှတ်(၂၆)တွင် မိုး‌ရာသီကာလ ငါးသားပေါက် များကို မျိုးစိုက်ထည့်ကြသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ ဆီသပြေစသည့် နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်ပေါင်း ၃၀၀ ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးခဲ့ပြီး ငါးမြစ်ချင်းငါးသားပေါက် ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -