ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 13, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် အာရှငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကောင်စီ (Asian Peace and Reconciliation Council – APRC) ဥက္ကဋ္ဌ H.E. Prof. Dr. Surakiart Sathirathai နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာရှငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပိုင်း (၁) နှင့် အပိုင်း (၂) ကို လွတ်လပ်တရားမျှတစွာ အောင်မြင်အောင် ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပမှုအပေါ် ထောက်ခံပါကြောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာတွင်လည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးလေ့လာကြည့်ရှုစေပြီး ရွေးကောက်ပွဲဆိုင်ရာ တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များကိုလည်း တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၈ - ၁၂ - ၂၀၂၅ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၂) ကို ၁၁ - ၁ - ၂၀၂၆ ရက် တွင်လည်းကောင်း ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာ ကျင်းပနိုင်ခဲ့သည့် အခြေ အနေများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်၍ စောင့်ကြည့် လေ့လာခွင့်ပြုခဲ့သည့်အခြေအနေများ၊ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ကျင်းပပြီးသည့် အပိုင်းလိုက် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုအခြေအနေများ၊ မဲပေးရာတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) အသုံးပြုခဲ့မှုအခြေအနေများ၊ ပြည်တွင်း/ ပြည်ပကြိုတင်မဲပေးမှုအခြေအနေများ၊ ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာအကြောင်းအရာများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး APRC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) ကို လာရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။

ယင်းနောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေး၊ APRC နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်