ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းတက်ရောက်ရန် ရောက်ရှိနေသော ဦးစီးအရာရှိများအား တွေ့ဆုံမှာကြား
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းတက်ရောက်ရန် ရောက်ရှိနေသော ဦးစီးအရာရှိများအား တွေ့ဆုံမှာကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2025
နေပြည်တော် ဇန်နဝါရီ ၁၃
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာနှင့် မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအခြေအနေ အကြောင်းတရားများကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မီဒီယာ၏သဘောသဘာဝကိုနားလည်ပြီး မိမိတို့ကိုယ်တိုင် သတင်းမှန်များကို ပိုင်းခြားသိရှိရန်နှင့် ပြည်သူလူထုကို သတင်းအမှန်များ မျှဝေပေးရန်လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအတွက် နေပြည်တော်သို့ရောက်ရှိစဉ် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ကိုယ်တိုင်သိရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
အသိအမှတ်ပြု
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ဝန်ထမ်းများ ကိုယ်တိုင် အတွေးအခေါ်၊ အယူအဆ ရင့်သန်ရန်နှင့် စိတ်ဓာတ်ကောင်းမွန်ရန်လိုအပ်ပြီး မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များ ပေါက်မြောက်အောင်မြင်စေရေးအတွက် ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးသည် အရေးကြီးသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းများနှစ်စဉ်ဖွင့်လှစ်၍ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည်ကို အသိအမှတ်ပြုပါကြောင်း။
ကြိုးစားဆောင်ရွက်
မိမိဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အချိန်မီပြီးမြောက်အောင် ဆောင်ရွက်သည့်အခါ Hard Skillသာမက Soft Skill ပါ ကျွမ်းကျင်မှုရှိရန်လိုအပ်သဖြင့် အမြဲမပြတ် လေ့လာသင်ယူစေလိုကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုသစ်လွင်ကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ မိမိတို့၏ရည်မှန်းချက်တာဝန်များ ပိုမိုအောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Posted on Jan 14, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း
Posted on Jan 14, 2025မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း