ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အအုံ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အအုံ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2025

နေပြည်တော် မေ ၃၁
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိရုံးအမှတ် (၄၅)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးချုပ်ရုံးအနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးအမှတ်(၁၀)အနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ မှုခင်းဆိုင်ရာ DNA ဌာန ရုံးဝင်းအတွင်း မြေကွက်လပ်၌ ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်နေမှုအခြေ အနေများကိုလည်းကောင်း ဒက္ခိဏသီရိမြို့နယ် ကျောက်မျက်အချောထည် ဈေးအတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင်မြေနေရာ၌ CONTAINER HOUSE များ တပ်ဆင်ဆောက်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာရှိ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေး ဌာနခွဲဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက် အအုံများနှင့် တပ်ဆင်ဆောက်လုပ်ဆဲ CONTAINER HOUSE များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အသေးစိတ်လိုက်လံရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်ရာ၌ SOP နှင့်အညီ သတ်မှတ်အရည်အသွေး စံချိန်စံနှုန်းပြည့်မီစေရေး၊ ယာယီဘာရှာ အဆောက်အအုံများနှင့် CONTAINER HOUSE များ၌ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်စွာ ရရှိအသုံးပြုနိုင်ရေး၊ အဆောက်အအုံများ ပတ်လည်တွင် ရေဝပ်မှုမရှိစေရေး ရေနုတ်မြောင်းများစနစ်တကျ တူးဖော်ပေးရန်၊ မြေသားလမ်းများအား ဗြုန်းမြေသားထပ်ပိုး၍ စနစ်တကျခင်းကျင်းဆောင်ရွက်ပေးရန်နှင့် တည်ဆောက်မှုလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 2, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on Jun 2, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)
Posted on May 30, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)