ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် မန္တလေးငလျင်ဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်း ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် မန္တလေးငလျင်ဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်း ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2025
image_latest


နေပြည်တော် မေ ၃၁

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ဒဏ် ခံစားခဲ့ရသည့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဝန်ထမ်းများနေရာချထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေရှိ အပြာရောင်အဆင့် သတ်မှတ်ထားရှိသော မန္တလေးငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများ၏ ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြေငလျင်ဘေးဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် မိသားစုများအား နေရာချထားပေးသည့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်ရှိ Myanmar Secure Group (MSG) Company Limited ဝင်းအတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်း အမှတ်(၂)သို့ သွားရောက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ခွဲဝေရရှိသည့် Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးသည့် Modular House Type 1 နှင့် Type 2 တို့တွင် ဝန်ထမ်းမိသားစုများ ပြောင်းရွှေ့နေရာချထားမှုအခြေအနေများ၊ ယာယီကယ်ဆယ်ရေးစခန်းအတွင်း ရေ၊ မီး၊ မိလ္လာ စနစ်များ ကောင်းမွန်စေရေး၊ ဝန်ထမ်းများ ချက်ပြုတ်စားသောက်ရေး အဆင်ပြေစေရန် Portable Gas မီးဖိုများ ဖြန့်ဝေပေးထားမှု၊ ရေသန့်စက် တပ်ဆင်အသုံးပြုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ရှိအခြေအနေမှ အမြန်ဆုံးပြန်လည်ရုန်းထ နိုင်ရေးစိတ်ဓာတ်ကြံ့ခိုင်စွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ အနက်အပြာရောင်အဆင့်သတ်မှတ်ထားရှိသော မန္တလေးငလျင်ကြီးဒဏ်သင့် တိုက်၊ အိမ်ရာနှင့်အဆောင်စုစုပေါင်း၂၀ ရှိပြီး လက်ရှိအချိန်အထိ ၉၀ ရာခိုင်နှုန်းကျော် ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါတိုက်၊ အိမ်ရာနှင့် အဆောင်များတွင် ဝန်ထမ်းမိသားစုများ ပြန်လည်နေထိုင်လျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့် တိုက်၊ အိမ်ရာနှင့် အဆောင်များကိုလည်း ဇွန်လပထမပတ်အတွင်း ရာနှုန်းပြည့်ပြုပြင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,