ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / September 17, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။ ၁၆-၉-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံးထင်းစိုက်ခင်း (၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ‌အပူပိုင်းဒေသရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများအား ရွေးချယ်စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထားသော အပင်များ ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး-ကံပြား-နတ်မောက်ကားလမ်း လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ တမာစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်း  ဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးထားသည့် မိုင်တိုင် ၃၃၆ ရှိ တမာ၊ယူကလစ် တစ်အုပ်တစ်မ စိုက်ခင်း (၂၀၀၀) ပင် အား လည်းကောင်း၊ မိုင်တိုင် ၃၄၀ အနီးရှိ တမာ၊ ဖျောက်ဆိပ် တစ်အုပ်တစ်မ စိုက်ခင်း (၁၀၀၀) ပင် အား လည်းကောင်း၊ မိုင်တိုင် ၃၄၀/၂ ရှိ တမာ၊ ရင်းမာ၊ ဖျောက်ဆိပ်၊ ပိတောက် တစ်အုပ်တစ်မစိုက်ခင်း (၄၀၀) ပင်အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများတည်ထောင်ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေး၊ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ ကျေးရွာ ထင်းစိုက်ခင်းနှင့် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ဒေါင်းနေတိုးချဲ့ကြိုးပြင် ကာကွယ်တော အတွင်း ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၃/၂၀၂၅ အထူးစိမ်း ဒဟက်၊ မဲဇလီ တစ်အုပ်တစ်မ စိုက်ခင်း (၄၀၀၀) ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အပင်များ ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ မြို့မသစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။


၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 17, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Posted on Sep 17, 2025

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

မြန်မာနိုင်ငံပြန်တမ်း

Posted on Sep 17, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း