ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 21, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး ဦးစီးဌာန အချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေး အတွက် တောင်သူများလိုအပ်သည့် နည်းပညာများအား ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများမှ အကူအညီတောင်းခံလာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထား လုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များက ဝန်ထမ်းသက်သာချောင်ချိရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာ ကြားပြီးနောက် ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)သို့ သွားရောက်ပြီး သင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဟာ အရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာပညာသင်ကြားကြပြီး စာကြိုးစားကြရန် နှင့် အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်ခံယူချက်ကောင်းရန်၊ ရည်မှန်းချက်ထားရန် လိုအပ်ကြောင်း၊ သတ်မှတ် အရည်အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်ကြောင်း၊ ဆရာဆရာမများကလည်း အမှန်တကယ် တတ်မြောက်အောင် သင်ကြား ပေးရန်နှင့် သင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း ရရှိသည်အထိ ချိတ်ဆက် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 21, 2025နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
Posted on Oct 19, 2025၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။