ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျောက်ခဲအင်းကျေးရွာအနီးရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေ ၄၆၀၀ အမှတ် (၂) ကုန်ထုတ်လမ်း ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် အမြန်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ သမဝါယမစိုက်ပျိုး ရေးအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု ဂွေးတောက်ရိုးကျေးရွာနှင့် ဘုန်းကြီးကျောင်းအား ဆက်သွယ်သောလမ်းကို ကြည့်ရှုစစ်ဆေးပြီး သာသနာရေးဦးစီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်း၍ လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရိစာလမ်း လျာထားဆောင်ရွက်ပေးရန် မှာကြားကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန်ကျည်းကုန်း ကျေးရွာလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ပေ ၂၂၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ လမ်းဘေးဝဲယာရေမြောင်းများ တူးဖော်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျန်ရှိသော လမ်းပိုင်းဆက်လက်ခင်းပေးနိုင်ရေး တင်ပြချက်အပေါ် လာမည့်ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Dec 22, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 21, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Posted on Dec 20, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Dec 19, 2025
HOT NEWS
January 4,