ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနေမှု လှည့်လည်ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 12, 2026
image_latest

နေပြည်တော် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ သီရိဟေမာရပ်ကွက်ရှိ မဲရုံ၊ မြစိမ်းရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေးကာ မဲရုံမှူးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့သို့သွားရောက်၍ လှေကျင်းရပ်ကွက်ရှိ မဲရုံ၊ စာရေးကုန်းရပ်ကွက်ရှိ မဲရုံတို့ကို သွားရောက်ကာ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေး၍ မဲရုံမှူးနှင့်တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး လာရောက်မဲပေးသူပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်၏ ရွေးကောက်ပွဲဆိုင်ရာ အုပ်ချုပ်မှုရုံးအဖြစ် ဖွင့်လှစ်ထားရှိသည့် ဝါးခယ်မမြို့ ရွှေခယ်သီရိအားကစားခန်းမသို့သွားရောက်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် မဲရုံများပိတ်သိမ်းပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။

Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Jan 11, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။

Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Jan 07, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Jan 9, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,