ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အအုံများပြုပြင်ရန် အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ဆိုင်ရာ Knowledge Sharing ဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အအုံများပြုပြင်ရန် အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ဆိုင်ရာ Knowledge Sharing ဆွေးနွေးပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အအုံများ ပြုပြင်ရန်အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ဆိုင်ရာ Knowledge Sharing ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။ 

နည်းပညာဆွေးနွေးပွဲသို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့များမှ အင်ဂျင်နီယာများ၊ မြေပြင်တွင် အဆောက်အအုံပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်နေသည့် တည်ဆောက်ရေး ကုမ္ပဏီများမှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက်ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (Standard Operation Procedure - SOP) များ ကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့များဖြင့် စုပေါင်းပြုစု၍ ဖြန့်ဝေထားပြီးဖြစ်၍ မြေပြင်တွင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများမှ ပြင်ဆင်ခြင်းအပိုင်းတွင် လည်းကောင်း၊ သက်ဆိုင်သောဌာနများက ကြီးကြပ်မှုအပိုင်းတွင်လည်းကောင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများအား ပြုပြင်ရာတွင် နည်းပညာအသုံးပြု၍ ပြင်ဆင်ရသည့်အဆင့်ဖြစ်သောကြောင့် သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုလက်မှတ်ရရှိပြီးသော Professional Engineer (PE)များ၊ Register Senior Engineer (RSE) များမှ တာဝန်ခံ၍ စနစ်တကျ ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ဆင် လျက်ရှိသော လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဆောက်အအုံများကို သတ်မှတ်ကာလထက် ဆောလျင်စွာပြီးစီးစေရေး တာဝန်ရှိသူများက လိုအပ်သော ပံ့ပိုးမှုများပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ရန်အတွက် အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ၊ ဖြေရှင်းဆောင်ရွက်ရမည့်အခက်အခဲများကို သိရှိကြပြီး လက်တွေ့မြေပြင်တွင် အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ပြန်လည်တည်ဆောက်ရာ၌ အကောင်းဆုံးနည်းလမ်းများ အသုံးချဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစန်းကြူက “ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ရန် အားဖြည့် Retrofit Design နှင့် ပြုပြင်ရမည့်နည်းစနစ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝေဖြိုးလင်းက “ ငလျင်ဒဏ်သင့် အနီရောင်အဆင့် နှစ်ခန်းတွဲ(နှစ်ထပ်) ဝန်ထမ်းအိမ်ရာ 2 Unit 2 Storey များ ပြုပြင်ရန် အားဖြည့် Retrofit Design နှင့် ပြုပြင် ရမည့်နည်းစနစ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Myanmar Fuso Technology Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာဦးပြည့်စုံဟိန်းက “High Pressure Welding ဖြင့် ငလျင်ဒဏ်ကာကွယ်နိုင်သည့် သံချောင်းဆက် ဂျပန်နည်းပညာ” နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ထို့နောက် နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အင်ဂျင်နီယာများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အင်ဂျင်နီယာပညာရှင်များက ပြန်လည်ဖြေကြားကာ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း