ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 24, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ခရိုင်မန်နေဂျာများ တက်ရောက်ကြသည်။

စနစ်တကျကြပ်မတ်စစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဘဏ်လုပ်ငန်းကွန်ရက်အကျယ်ပြန့်ဆုံး နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍတွင် အဓိကကျခြင်း၊ ငွေကြေးစီးဆင်းမှုများပြားခြင်း၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများကို အလေအလွင့်နှင့် ဆုံးရှုံးမှုမရှိစေရန် ဘဏ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ငွေကြေးနှင့်လုပ်ပိုင်ခွင့်များကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိအောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများ မှန်ကန်စေရေး၊ စာရင်းရေးသွင်းမှု မှန်ကန်စေရေးတို့ကို စနစ်တကျလုပ်ဆောင်ကြရန်နှင့် တာဝန်ခံများအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးရေး အပတ်စဉ် လုပ်ငန်းဇယားများသတ်မှတ်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် သေချာစိစစ်အတည်ပြုရန် လိုအပ်ကြောင်း။

ကြိုးပမ်းဆောင်ရွက်

ဘဏ်၏ အဓိကငွေကြေးအရင်းအမြစ်ဖြစ်သော အပ်နှံငွေများ တိုးတက်ရရှိရေးသည် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပြီး ရရှိသောအပ်ငွေများကို လုပ်ငန်းရှင်များသို့ ထုတ်ချေးခြင်းဖြစ်၍ အပ်ငွေလျော့ကျပါက ဘဏ်ချေးငွေထုတ်ချေးနိုင်စွမ်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အပ်ငွေအမျိုးအစားအလိုက် ဘဏ်သို့ ငွေသားစီးဝင်မှု၊ အတိုးပေးရမှု၊ ချေးငွေအတိုးပြန်လည်ရရှိမှုတို့ကို စဉ်ဆက် မပြတ်လေ့လာသုံးသပ်ပြီး အမြတ်အစွန်းရအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်စေရေး၊ MSME လုပ်ငန်းရှင်များအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကဏ္ဍစုံသို့ ချေးငွေများ ပံ့ပိုးထုတ်ချေးလျက်ရှိပြီး ချေးငွေထုတ်ချေးရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ထုတ်ချေးရန် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ NPL များ ကျဆင်းရေးနှင့် Quality Loan များ ဖြစ်လာစေရေးကို ရည်မှန်းချက်ထား၍ ယင်းလုပ်ငန်းများ အောင်မြင်စေရန် ဘဏ်ဝန်ထမ်းအားလုံး အသိစိတ်ဓာတ်ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်

ပြည်တွင်း၊ ပြည်ပငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများမှတစ်ဆင့် မိုဘိုင်းနှင့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာ (Fin-tech) ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းအားဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များကို ဗဟိုထိန်းချုပ်မှု(Centralized) စနစ်အသုံးပြုပြီး ဘဏ်လုပ်ငန်းစဉ်များကို အလိုအလျောက်ဆောင်ရွက်လာနိုင်သည့်အတွက် ဝန်ထမ်းအင်အား၊ အချိန်၊ စာရွက် စာတမ်းစသည့်ဝန်ပိုများကို လျှော့ချနိုင်ကာ ဘဏ်နှင့်ဆက်သွယ်သူများသည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုလာနိုင်သည်ကို တွေ့ရကြောင်း၊ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် UID နံပါတ်များကောက်ယူမှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငွေသားသုံးစွဲမှုလျှော့ချနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းလစာနှင့် ပင်စင်လစာများကို MEB Pay Wallet သို့ထည့်သွင်း၍ လွယ်ကူစွာထုတ်ယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

CBM Net ဖြင့်ချိတ်ဆက်၍ FI Gate Way ကို ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၃၉ ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Centralized e-Pension စနစ်ကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၈၅ ဘဏ်တွင် ဆောင်ရွက်လျက်ရှိရာ ပင်စင်စားဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Core Banking စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Core Banking စနစ်မှသည် ကျန်ရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စေရေးအတွက် တာဝန်ရှိ အရာထမ်းများကလည်း ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဘဏ်၏ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြရန် မှာကြားသည်။

ဆုပေးပွဲများပါဝင်

နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲများ၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထူးချွန်မှုအတွက် ဆုပေးပွဲများပါဝင်ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

Posted on Feb 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Posted on Feb 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်