ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 13, 2026
image_latest


နေပြည်တော် မေ ၁၂

ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ ၂၀၂၆ ခုနှစ် မေ ၁၂ ရက် မှ ၁၄ ရက်အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Social Welfare and Development -AMMSWD) ၏ ဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ H.E Rex Gatchalian က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားရာတွင် ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် မိသားစု၏ အရေးပါမှုဆိုင်ရာ ဘန်ဒါဆရီဘီဂါဝမ်ကြေညာချက်တို့သည် မိသားစုများအား ပိုမိုကူညီပေးနိုင်ရေးနှင့် ခိုင်မာအားကောင်းစွာ တည်ဆောက်နိုင်ရေးတို့အတွက် ကတိကဝတ်များဖြစ်ကြောင်း။

အာဆီယံဒေသတွင်း မိသားစုများ၏ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အားလုံးပါဝင်နိုင်ပြီး လိုက်လျောညီထွေရှိသော  လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များမှတစ်ဆင့် ထိခိုက်လွယ်အုပ်စုများထံ ရောက်ရှိနိုင်မည့် မိသားစုကို ဗဟိုပြုသော မူဝါဒများနှင့် အားပေးကူညီသည့်အစီအမံများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများကို ပိုမိုလက်လှမ်းမီစေမည့် ပေါင်းစပ်ချဉ်းကပ်မှုနှင့် ဟန်ချက်ညီသောစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်