ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များ၏ ပဓာနနာယကဆရာတော်ကြီးများအား ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကြမ်းဆက်ကပ်

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များ၏ ပဓာနနာယကဆရာတော်ကြီးများအား ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကြမ်းဆက်ကပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 03, 2026
image_latest


ပဲခူး ဇွန် ၂

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျ ဓမ္မာဘိဝံသဆရာတော်ကြီးနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီးနှင့် ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေး၊ ပြည်တွင်း ပြည်ပမှ ဘုရားဖူး ရဟန်းရှင်ပြည်သူများ စိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်