ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 07, 2025

နေပြည်တော် အောက်တိုဘာ ၇
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကိုစတင်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဂုဏ်ပြုတေး သီချင်းဖြစ်သည့် “အဖွင့်တေးကဗျာ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက် မြန်မာဘိုးဘွားတို့၏ တီထွင်ကြိုးပမ်းအားထုတ်မှုနှင့် အစဉ်အလာကောင်းများကြောင့် မြန်မာ့သမိုင်းတစ်လျှောက်တွင် မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ကမ္ဘာ့အလယ်တွင် ထူးထူးခြားခြား ထည်ထည်ဝါဝါရပ်တည်နိုင်ခဲ့ကြကြောင်း။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ညွှန်းဆိုဖော်ပြရာတွင် ယင်းနိုင်ငံ၊ ယင်းလူမျိုးတို့၏ အနုသုခုမယဉ်ကျေးမှုအဆင့်အတန်းကို သက်တမ်းကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့မှုနှင့် ရှေးအစဉ်အလာမပျက် ဖော်ထုတ်ပြသနိုင်မှုသည် အဓိကကျသည့်အချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ယနေ့ထက်တိုင် အရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူရှေးဟန်မပျက် ဖော်ထုတ်ပြသနေနိုင်သည်မှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကမ္ဘာ့အလယ်တွင် ပြသနေခြင်းပင်ဖြစ်ကြောင်း။
မျက်မှောက်ခေတ်တိုင်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပိုင် ဆိုင်ခွင့်ရရှိနေသည်မှာ မြန်မာ့သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းလာခဲ့ကြသည့် မိမိတို့၏ မြန်မာ့ဘိုးစဉ်ဘောင်ဆက်များက ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်းခဲ့ကြသည့် ကျေးဇူးများကြောင့်ပင်ဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို အတုယူပြီး မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်မှာ မိမိတို့ အမွေခံမျိုးဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များသည် သီးခြားဂုဏ်ရည်၊ သီးသန့်မူဟန်များဖြင့် ဖြစ်ထွန်းနေခြင်းရှိသကဲ့သို့ အဆိုနှင့်အက၊ အကနှင့်အတီး၊ အတီးနှင့်အဆို၊ အဆိုနှင့်အရေးပညာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး အပြန်အလှန်ထိန်းကွပ်မှု၊ အပြန်အလှန်ပံ့ပိုးမှုများဖြင့် တင့်တင့်တယ်တယ် ဆက်စပ်ဖြစ်ထွန်းနေသည်ကိုလည်း တွေ့နိုင်မည်ဖြစ်ကြောင်း။
ယခု (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မျိုးဆက်သစ်အနုပညာရှင်များသည်လည်း မိမိတို့၏အနုပညာစွမ်းရည်များကို အားပေးကြည့်ရှုအကဲဖြတ်နေကြသူများနှင့် ပရိသတ်များအတွက် စိတ်ကျေနပ်အားရဖွယ်ဖြစ်အောင် ပေးစွမ်းနိုင်ကြမည်ဟုမျှော်လင့်ကြောင်း၊ ယခုပြိုင်ပွဲကြီးသည် ယှဉ်ပြိုင်မှုသာမက ပြည်နယ်နှင့်တိုင်းဒေသကြီး အနှံ့အပြားတွင် နေထိုင်ကြသည့် ပြည်ထောင်စုသွေးချင်းများ ချစ်ကြည်ရင်းနှီးစွာ ဆုံစည်းနိုင်မှု၊ မိတ်ကောင်းဆွေကောင်းများ တိုးတက်ရရှိမှု၊ ယဉ်ကျေးမှုအနုပညာအသီးသီးကို နှီးနှောဖလှယ်မျှဝေနိုင်မှုစသည့် အကျိုးရလဒ်များမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တိုးမြှင့်ဖော်ဆောင်နိုင်မည်လည်းဖြစ်ကြောင်း။
ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အောင်မြင်ဖြစ်ထွန်းမှု အရှိန်အဟုန်ကို ထပ်ဆင့်မြှင့်တင်နိုင်စေရန်နှင့် ယခုကျင်းပသည့် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အနုပညာမြတ်နိုးသူ ပရိသတ်များအားလုံးက တူညီသည့်စိတ်ထားနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံလိုကြောင်း။
တာဝန်ရှိသူများနှင့် အနုပညာရှင်များကို တိုက်တွန်းပြောကြားလိုသည်မှာ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာများခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်အစဉ်ထာဝရ နိုးကြားရှင်သန်နေရအောင် အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးမှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ ယခုကျင်းပမယ့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုကျင်းပရသည့် ဦးတည်ချက် (၄)ရပ်နှင့်အညီ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပြီး ယဉ်ကျေးမှုအမွေ မျှဝေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားအပြီးတွင် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကိုဖော် ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့် စိတ်ဓာတ်နှင့်အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄) ရပ်ဖြင့်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။
Posted on Oct 08, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
Posted on Oct 07, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 05, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 3, 2025သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း