ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး     

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး     


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရပ်မိရပ်ဖများအား ယနေ့မွန်းလွဲပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က သာပေါင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး) များ စမ်းသပ်စိုက်ပျိုးလျက်ရှိမှုနှင့် မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မျိုးစေ့ချကိရိယာများလိုအပ်လျက်ရှိမှု၊ စိုက်ပျိုးရေးတောင်သူများအတွက် နိုင်ငံ့စီးပွားရေးရန်ပုံငွေများထုတ်ချေးပေးပြီး သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရေး သစ်ပင်သစ်တောများ စိုက်ပျိုးထူထောင်ခဲ့မှု၊ လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများက သာပေါင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ပေးစေလိုမှု၊ သာပေါင်းမြို့အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်ပေးစေလိုမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းတို့က သာပေါင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် လိုအပ်သည်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အကူအညီများတောင်းခံနိုင်မှု၊ မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး) များ စိုက်ပျိုးဖြစ်ထွန်းသဖြင့် ဥယျာဉ်ခြံမြေများ၌ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနိုင်မှု၊ အရည်အသွေးမီသည့် မျိုးကောင်းမျိုးသန့်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိမှု၊ အသား၊ ငါးထုတ်လုပ်မှုနှင့်ပတ်သက်၍ တိုးချဲ့ဆောင်ရွက်လိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးသွားမည့် အခြေအနေများ၊ လယ်ယာမြေများအား ပြဌာန်းထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုရန်လိုအပ်မှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ သွင်းအားစုများကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သာပေါင်းမြို့နယ်သည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ထုတ်လုပ်ခြင်းကို အဓိထားသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ဆန်ကိုအဓိကတင်ပို့ရောင်းချကြပြီး ကျေးလက်နေပြည်သူ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး မြို့နေပြည်သူ ၂၀ ရာခိုင်နှုန်း ခန့်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျေးလက်ကိုအခြေခံသည့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ပိုမိုလိုအပ်သည်ကိုတွေ့ရကြောင်း၊ ဒေသမှစိုက်ပျိုး ထုတ်လုပ်သည့်ဆန်များကို တန်ဖိုးမြင့်သည့်ဆန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အခြေအနေပေးသည့် နေရာများတွင်တန်ဖိုးမြင့်ဆန်ဖြစ်သည့် ပေါ်ဆန်းမွှေးဆန်များကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းငွေကြေး စီးဆင်းလည်ပတ်မှုများကိုလည်း တိုးတက်ကောင်းမွန်လာ စေမည်ဖြစ်ကြောင်း၊ သာပေါင်းမြို့နယ်အတွင်း ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်မည်ဆိုပါက နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ်စသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားကြစေလိုကြောင်း၊ ထိုသို့စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းဆီဖူလုံမှု တိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုစေနိုင် မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးရန်ကောင်းမွန်သည့် မြေအမျိုးအစားဖြစ်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် သွင်းအားစုများထည့်သွင်းရန်၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိစေရေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်၊ စသည့် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုး စလုံးပြည့်စုံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သာပေါင်းဒေသတွင် ဝါးများစွာထွက်ရှိသဖြင့် ဝါးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သွားနိုင်ရန်အတွက် ဝါးကိုတန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ဒေသအတွင်း အသား၊ ငါးနှင့် ဥများလုံလောက်စွာ ရရှိရေးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာရှင် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့် ကျေးလက်ပညာရည်မြင့်မားစေရေးကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဒေသအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရေးအခင်းများ၊ ပဋိပက္ခများ၊ ဆူပူမှုများ၏ အကြောင်းအရင်းကိုကြည့်မည်ဆိုပါ က အသိပညာ၊ အတတ်ပညာ အားနည်းသည့်အခြေခံအချက်ဖြစ်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့မှုများကြောင့် ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာပေါင်းဒေသတွင် နေထိုင်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းကို အားပေးဆောင်ရွက်သွား ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်နေသော နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ အထက်တန်းကျောင်းများကို ခရိုင်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သာပေါင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသည့် သူများကပင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍လည်း  တစ်ဦးချင်းကျန်းမာကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် စားသောက်နေထိုင်သွားလာမှုရှိရမည်ဖြစ်ကြောင်း၊ ငယ်စဉ်အခါတွင် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးကြီးထွားစေရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးရမည်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်တွင် ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးအတွက် ညီညွတ်မျှတစေမည့် အစားအစာများကို စားသုံးကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ အပိုင်း(၂) နှင့် အပိုင်း(၃)ကို မကြာမီအချိန်အတွင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင် ဒေသအကျိုး၊ နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်း နိုင်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကိုဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပချိန်တွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ပြီး ကောင်းမွန်သည့် သုံးသပ်ချက်များရရှိခဲ့ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလိုသူ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲများ ပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ကောင်းမွန်သည့်သူ၊ ပညာတတ်သည့်သူ၊ ဒေသနှင့် နိုင်ငံ့အကျိုးဆောင်ရွက်ရန် အတွက်အတွေ့အကြုံရှိသည့်သူများကို ရွေးချယ်နိုင်ကြရန်လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Jan 9, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,