ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့မှုကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်

ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့မှုကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 05, 2025
image_latest


နေပြည်တော် ဩဂုတ် ၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများနှင့်တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာ ရေးဝန်ထမ်း ၄၇၉၅ ဦး၊ သားဖွားဆရာမ ၁၀၅၈ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၂၂ ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များ ခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့် ခံတွင်းဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးမြင့်မားစေရေးအတွက် ဗဟိုအဖွဲ့အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အခမဲ့ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ခေတ်မီစက်ကိရိ ယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းလာသည်ကို ကောက်ခံရရှိသော အချက်အလက်များအရ တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း ပညာရှင်ဘွဲ့ချီးမြှင့်ခြင်း၊ လုပ်အားခများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ခြင်း စသည်ဖြင့် ပံ့ပိုးမှုများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပြီး အားနည်းချက်များကို ပြင်ဆင်ဆောင်ရွက်ကာ စာမျက်နှာသစ်ကို ပိုမိုလှပစေရန်၊ နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန် မိမိတို့တစ်ယောက်ချင်းစီက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှု အညွှန်းကိန်းများ တိုးတက်စေရေးနှင့် တွေ့ကြုံရသည့် ကျန်းမာရေးဆိုင်ရာပြဿနာများကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး စနစ်ဖြစ်စေရေး ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကြပြီး တက်ရောက်လာကြသည့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Aug 4, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Aug 4, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

Posted on Aug 4, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။