ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Website လွှင့်တင်ထားရှိ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Website လွှင့်တင်ထားရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 05, 2025
image_latest


နေပြည်တော် သြဂုတ် ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်ထားရှိသည်။

အဆိုပါ DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် အသုံးပြုသူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများအား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

လက်ရှိတွင် ဦးစီးဌာန၏ပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် DLMS စနစ်ကိုအသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်သည်။

ထို့အတူ ကလေးများ ငယ်စဉ်ကတည်းက စာပေနှင့် နီးစပ်ထိတွေ့မှု ရှိစေရန်အတွက် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ပေးခြင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ စသည့်လှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် သုတေသနပြုသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ညွှန်းစာဖတ်ခန်းဖွင့်လှစ်ပေးခြင်း၊ အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် ထုတ်ပြန်ပြီးနည်းဥပဒေများအား ပြည်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေး သီးခြားထားရှိပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်များတွင် ပြည်သူများ သတင်းအချက်အလက်များ လေ့လာနိုင်ရန်အတွက် Wifi အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Aug 4, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Aug 4, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

Posted on Aug 4, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။