ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များ စတင်ပြေးဆွဲမည်
ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များ စတင်ပြေးဆွဲမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 18, 2025
နေပြည်တော် နိုဝင်ဘာ ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ နေပြည်တော်-မန္တလေးနှင့် မန္တလေး- နေပြည်တော်ခရီးစဉ်များကို ဘက်ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လက်ရှိ RBE များဖြင့် ပြေးဆွဲနေသော အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို ပြောင်းလဲပြေးဆွဲပေးသွား မည်ဖြစ်သည်။
ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားသည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားသည် မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
ချိတ်ဆက်စီးနင်းနိုင်
မန္တလေးမှ ရန်ကုန်သို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် နေပြည်တော် ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားဖြင့် ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့အတူ ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာမည့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားဖြင့် လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးသို့ ဆက်လက်လိုက်ပါလိုပါက အထက်ပါဘက်ထရီလျှပ်စစ် စက်ခေါင်းဖြင့် ပြေးဆွဲမည့်ရထားတွင် ချိတ်ဆက်စီးနင်းနိုင်ကြောင်း သိရသည်။
နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမည့် လေအိတ်ရထားတွဲဆိုင်းတွင် ရိုးရိုးတန်းလေအိတ်လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်းလေအိတ် လူစီးတွဲနှစ်တွဲနှင့် လေအိတ်ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ငါးတွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ လက်မှတ်ခ နှုန်းထားမှာ မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်းငွေကျပ် ၁၅၀၀၀၊ အထက်တန်းငွေကျပ် ၂၀၀၀၀ ဖြစ်ပြီး လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍လည်းကောင်း၊ သက်ဆိုင်ရာ ဘူတာများတွင် အထက်တန်းလက်မှတ်ကို သုံးရက်နှင့် ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်းဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်-မန္တလေး ခရီးစဉ်တစ်လျှောက် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နှင့် ကျောက်ဆည် ဘူတာလေးခု၌သာ ရပ်တန့်ပေးသွားမည် ဖြစ်ကြောင်းနှင့်ဘူတာများတွင် ရပ်တန့်ချိန် အပါအဝင် ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၅ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Posted on Nov 18, 2025မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Nov 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 31, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
