ဘားအံမြို့နယ်တွင် လယ်ယာမြေဧက(၁၄၀၀)အား အဆင့်မြှင့်တင်ဆောင်ရွက်

ဘားအံမြို့နယ်တွင် လယ်ယာမြေဧက(၁၄၀၀)အား အဆင့်မြှင့်တင်ဆောင်ရွက်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 24, 2026


ဘားအံ - ဖေဖော်ဝါရီ  (၂၄)

လက်မှုလယ်ယာမှစက်မှုလယ်ယာစနစ်သို့ကူးပြောင်းရာတွင် အဓိကအခြေခံကျသော သီးနှံစိုက်ပျိုးမည့်လယ်ယာ မြေများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း စုစုပေါင်းလယ်ယာမြေဧက(၁၄၀၀)ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာအုပ်စု၊ မူးကဝါကျေးရွာတွင် ဧက(၂၀၀)၊ ဘားအံမြို့နယ်၊ ဖအွံကော့ကျိုက်ကျေးရွာတွင် ဧက(၁၅၀)၊ ကော့လုံးစိန်ကျေးရွာတွင် ဧက(၁၅၀)၊ ကော့လာ ပလကျေးရွာတွင်ဧက(၂၀၀)၊ ကော့စိန်ဘန်(အောက်)ကျေးရွာတွင်ဧက(၂၀၀)၊ နတ်ကျွန်းကျေးရွာတွင်ဧက(၂၀၀)၊ ကော့ သင်းကျေးရွာတွင်ဧက(၃၀၀) စုစုပေါင်းဧက ၁၄၀၀ ကို စက်ယန္တရားများအသုံးပြု၍ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုး ထွန်ချေခြင်း၊ မြေညှိရန်မြေဖွခြင်း၊ ဒီဇိုင်းပုံအရအကြမ်းတင်ခြင်း၊ မြေညှိခြင်း၊ ရေသွင်း၊ရေနုတ်မြောင်းတည်ဆောက်ခြင်း၊ ကန်သင်းပုံဖော်ခြင်း၊ ရေယူအဆောက်အဦအအုံတည်ဆောက်ခြင်း အစရှိသည့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးတို့က လယ် ယာမြေအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ ရေသွင်း၊ရေထုတ်မြောင်းများ၊ ဆည်မြောင်း လုပ်ငန်းများ၊ ကုန်ထုတ်လမ်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

လယ်ယာမြေအဆင့်မြှင့်တင်ဖော်ထုတ်ခြင်းကြောင့် မြေပြင်ညီညီပြန့်ပြူးမှုရှိပြီး စိုက်ပျိုးရေသုံးစွဲရာတွင် ယခင် သုံးစွဲနေကြရေပမာဏထက်လျှော့ချသုံးစွဲနိုင်ခြင်း၊ လယ်ယာမြေပုံသဏ္ဍန်နှင့်အကျယ်အဝန်းမှန်ကန်ခြင်းကြောင့် စက်ကိရိ ယာပစ္စည်းများမောင်းနှင်ရာတွင် လောင်စာဆီကုန်ကျမှုလျော့နည်းသက်သာခြင်း၊ လယ်ယာသုံးစက်ကိရိယာများအချိန် မရွေး၊ ရာသီမရွေးဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် တစ်သီးစားမှ နှစ်သီးစား၊သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုး နိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကာ တစ်ဆက်တည်းထွန်ယက်စိုက်ပျိုးနိုင်၍ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါလယ်ယာမြေအဆင့်မြှင့်တင်ဆောင်ရွက်သည့် စိုက်ဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသွင်း၊ရေနုတ်မြောင်းများ၊ ရေတံခါးများအား ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး နှင့်တာဝန်ရှိသူများက တောင်သူများ ရာသီမရွေးစိုက်ပျိုးရေရရှိနိုင်ရန် ဆည်မြောင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လာပလကျေးရွာရှိ တောင်သူ ဦးကျော်မြင့်သူ၏ အသားတိုးဝက် ကောင်ရေ(၃၀၀)ကျော် မွေးမြူရေးခြံအား ကြည့်ရှုအားပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေဖြင့် အသားတိုးဝက်ကောင်ရေတိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာန များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

 


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။