ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး
ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 21, 2025

ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး
************************************************************************
ဘားအံ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် လဆန်း-ကိုင်လောင်ဆယ် ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခိုင်သဇင်ညိုနှင့် တာဝန်ရှိသူများက လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရန် လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၄၀၊ အကျယ် ၁၄ပေ၊ ထု ရှစ်လက်ရှိ ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၁၃၇ ဒသမ ၉ သန်း အသုံးပြုကာ တင်ဒါအောင်မြင်သည့် Next Galaxy ကုမ္ပဏီက ယခုနှစ် ဇွန် စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 21, 2025နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
Posted on Oct 19, 2025၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။