ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 21, 2024


ဘားအံ - ဒီဇင်ဘာ (၂၁)

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီ မှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလတတိယအပတ် စုပေါင်းလူထု လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၃၉၀ ဦးတို့သည် စုရပ်ဖြစ်သော သီရိလမ်း၊ ဝန်ကြီးများအိမ်ရာ ရှေ့မှ သီရိလမ်းအတိုင်း၊ ဆေးရုံလမ်း၊ ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်း၊ အထက(၄)ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ အကြောလျှော့ လေ့ကျင့်ခန်းများစုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွှဲကြသူများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ နံနက်စာကြာဇံကြော်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ Small Goal သွင်းပြိုင်ပွဲတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

 


၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Dec 21, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Dec 17, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

Posted on Dec 13, 2024

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

Posted on Dec 20, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

HOT NEWS
January 4,