ဘားအံမြို့၌ သံလွင်မြစ်ရေပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ဘားအံမြို့၌ သံလွင်မြစ်ရေပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 04, 2025


ဘားအံ - ဩဂုတ် (၄)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေ များမြင့်တက်လာသည့်အတွက် သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယခုအခါသံလွင်မြစ်ရေသည် ၈၃၄ စင်တီတာအောက်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့်ဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖ၊ ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘနှင့်ဆရာ၊ဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်း ရှုခင်းသာနှင့် ကမ်းနားလမ်းတစ်လျှောက်၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယာဉ်၊ယန္တရားများအသုံးပြု၍ ရေကြီး ရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့်သဲနုန်းများဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့်ရေတွင်းရေကန်များစုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ ရေမြောင်း များရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့်စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး ရေကျ သည်နှင့်တစ်ပြိုင်နက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ကြရန်၊ ထိခိုက်မှုရှိခဲ့သည့် လမ်း/တံတား အခြေခံအဆောက်အဦများအား လိုအပ်သည့် ပြင်ဆင် မှုများ ဆောင်ရွက်ရန်၊ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကများကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်ကုစားနိုင်ရန် လိုအပ်ပါက မျိုးစပါးနှင့်သွင်းအားစုများ ကူညီထောက်ပံ့ပေးနိုင်ရေး စာရင်းပြုစုတင်ပြရန်၊ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ရေကျသည်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Aug 4, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Aug 4, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

Posted on Aug 4, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။