ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 03, 2026
image_latest


ရန်ကုန် ဇွန် ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် “ဘေးကင်းလုံခြုံမှု ဆိုင်ရာစီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Delegation Ms.Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Movement Cooperation Specialist ဒေါ်အေးသန္တာထွန်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံ ဦးအောင်နိုင်လွင်က ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းပြီးမြောက် အောင်မြင်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုအကောင်းဆုံးဆု၊ ချိတ်ဆက်ညှိနှိုင်းမှု အကောင်းဆုံးဆု၊ အသိပညာပေးမှုနှင့် အစီအစဉ်ရေးဆွဲမှုအကောင်းဆုံး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ဇွန်၂ ရက်မှ ၃ ရက်အထိ ပြုလုပ်လျက်ရှိသည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးသူ Focal Person ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်