မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ် နင်းမိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် သာသနာ့နွယ်ဝင် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ် နင်းမိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် သာသနာ့နွယ်ဝင် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2025


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ် လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာဒဏ်ရာရရှိထားသည့် သံဃာတော် တစ်ပါး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ ပုပ္ပါးဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးပညာဝံသ (၅၈)နှစ် ဝါတော် (၉)ဝါသည် ဆင်မင်းကျေးရွာမှ ဒေါင်းစားကျေးရွာသို့ ခြေလျင်ထွက်ခွာလာစဉ် ဒေါင်းစားကျေးရွာအနီး အရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဆရာတော် ဥူးပညာဝံသတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,