မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် CCTV သုံးလုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်အားကိုး၍ ခြိမ်းခြောက် လုယက်ယူဆောင်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် CCTV သုံးလုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်အားကိုး၍ ခြိမ်းခြောက် လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 28, 2025

PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်မဲ့ဌာနဆိုင်ရာရုံးများ၊ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ကွက်/ကျေးရွာများအတွင်း ဝင်ရောက်ကာ လက်နက်အားကိုးဖြင့် ပစ်ခတ် ခြိမ်းခြောက်ခြင်း၊ ရုံးသုံးပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မီးသတ်စခန်းသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး မီးသတ်တပ်ဖွဲ့ဝင်များအား သေနတ်များဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ မီးသတ်စခန်းအတွင်း ထားရှိသည့် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ CCTV ကင်မရာ သုံးလုံးတို့အား လုယက်ယူဆောင်ကာ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာဘက်သို့ စလင်း-ဆင်ဖြူကျွန်းသွားကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ PDF အမည်ခံ အကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် မီးသတ်ယာဉ်များအား ပြန်လည်သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မီးသတ်စခန်းအတွင်း ဝင်ရောက်၍ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် CCTV သုံးလုံးတို့အား လက်နက် အားကိုးဖြင့် ခြိမ်းခြောက်လုယက် ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jun 28, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။