မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 25, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၄ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ်ကန်ကျေးရွာနှင့် ကန်လှကျေးရွာကြား ရွာချင်းဆက်လမ်းပေါ်၌ ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်နေစဉ် လမ်းလျှောက်လာသူ ကန်လှကျေးရွာနေ ကျော်အောင်(၅၈)နှစ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်း၏လက်ကိုင်ဖုန်းအတွင်းမှ သုံးလုံးထီလောင်းကစား ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျော်အောင် အား ဆင်ပေါင်ဝဲမြို့မရဲစခန်း (ပ)၄/၂၀၂၆၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
Posted on Jan 24, 2026သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
Posted on Jan 24, 2026သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
Posted on Jan 24, 2026မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
