မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 15, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၃ ရက်က မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ-ကိုးပင်သွားကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်တွင်းကြီးမြို့မှ ဆင်ပေါင်ဝဲမြို့ဘက်သို့ ဆင်ပေါင်ဝဲမြို့နယ်၊ ကျွဲခြံကျေးရွာနေ အောင်ဆန်းဦး (၃၂)နှစ် မောင်းနှင်လာသော MDY-20/8F-XXXX CANTER မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်၌ လမ်းဖြတ်ကူးသူ မောင်ထူးခန့်အောင်(၇)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အောင်ဆန်းဦး အား ဆင်ပေါင်ဝဲမြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
