မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ကော်မရှင်ရုံးအဆောက်အအုံဟောင်း တစ်လုံး ထိခိုက်ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ကော်မရှင်ရုံးအဆောက်အအုံဟောင်း တစ်လုံး ထိခိုက်ပျက်စီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 16, 2025


   အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

   ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မလှိုင်မြို့အထွက်ရှိ မလှိုင်-တောင်သာကားလမ်းဘေးရှိ မြို့နယ်ကော်မရှင်ရုံးအဟောင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က အဆိုပါ ရုံးအတွင်းသို့ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း၊ ပေါက်ကွဲခဲ့မှုကြောင့် မြို့နယ်ကော်မရှင်ရုံးဟောင်း ၄၀ ပေx ၃၀ ပေ RC တစ်ထပ် သွပ်မိုးအဆောက်အအုံဝင်ပေါက် အပေါ်ရှိ လေသာပြတင်း တံခါးမှန် ၂ ချပ်၊ ရုံးအတွင်းရှိ အခန်းပြတင်းတံခါးမှန် ၂ ချပ်၊ နှစ်ပေ ပတ်လည်ရှိ မျက်နှာကြက် ၁၅ ချပ်တို့ ကွဲအက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

   အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,