မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေစည်းခုံရပ်ကွက်၊ (၁)လမ်းတွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေစည်းခုံရပ်ကွက်၊ (၁)လမ်းတွင် နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 25, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေစည်းခုံရပ်ကွက်၊ (၁)လမ်းတွင် ပိုင်ရှင် ဦးခိုင်ထွန်းဇော်၏ နေအိမ်တွင် အိမ်ငှား ဒေါ်ခိုင်(၄၅)နှစ် ငှားရမ်းနေထိုင်သော ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး၊ 125 ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဒေါ်ခိုင် အား ရမည်းသင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026