မန္တလေးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၉
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန် ထမ်ဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂါတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ဆောင်ရွက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် “ဒို့အတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌ လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြို့ဈေး၌လည်းကောင်း ဆောင်ရွက်ကြသည်။
ထိုသို့ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Posted on Jan 9, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 9, 2026စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။