မိတ္ထီလာမြို့နယ်၌ ငွေကျပ် ၁၆၇ သိန်း၊ မှော်ဘီမြို့နယ်၌ ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မိတ္ထီလာမြို့နယ်၌ ငွေကျပ် ၁၆၇ သိန်း၊ မှော်ဘီမြို့နယ်၌ ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 04, 2025

နေပြည်တော် ဇွန် ၃
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၁ ရက် ညနေပိုင်းက မိတ္တီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျနှင့် အောင်ဇော်ဝင်း (ခ) ကုလားမတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက်အလေးချိန် ၃ ကီလို (ဆေးခြောက်တစ်ကီလို လျှင် ငါးသိန်းကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်၁၅ သိန်း) နှင့် ငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျော်ဇေယျ (၃၈)နှစ် နှင့် အောင်ဇော်ဝင်း (ခ) ကုလားမ (၃၉) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ ဇွန် ၂ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအုပ်စု ဘွတ်ကြီးကျေးရွာ ရဲစု (မြောက်ပိုင်း) အောင်မင်္ဂလာလမ်းအတိုင်း လမ်းလျှောက်လာသူ ဝင်းကျော်စိုးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၈၀) ဖမ်းဆီးရမိသဖြင့် ဝင်းကျော်စိုး (၂၅) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)