မီဒီယာအကြမ်းဖက်မှုနှင့် ပြည်သူကို ကျုံးသွင်းမှုသတိပြု

မီဒီယာအကြမ်းဖက်မှုနှင့် ပြည်သူကို ကျုံးသွင်းမှုသတိပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 28, 2025
image_latest


ယနေ့(၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလဖြစ်သည်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို လိုလားသည့် ပြည်သူများကလွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းကို အားပေးထောက်ခံကြသော်လည်း NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖျက်သမားများနှင့် တိုင်းရင်းသားအမည်ခံထားကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်းဖက်ထောက်ခံသူများကမူ ရွေးကောက်ပွဲကိုမလိုလား။

ပြည်သူလူထု၏ မဲဆန္ဒဖြင့် ပေါ်ပေါက်လာမည့်အစိုးရနှင့် နိုင်ငံ၏ အခင်းအကျင်းသစ်တွင် ပြည်တွင်းပြည်ပ၌ ရှိနေကြသည့် အကြမ်းဖက်အဖျက်သမားအဖွဲ့အစည်းတို့အဖို့ ရပ်တည်ရန်ခက်ခဲမည့်အပြင် နိဂုံးချုပ်သွားဖွယ်ရာ အခြေအနေများအထိ ဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကို မမှန်မကန်အပုပ်ချရန်နှင့် မပျက်ပျက်အောင် ဖျက်ဆီးရန် နည်းမျိုးစုံဖြင့် ပြုလုပ်နေကြရာ မီဒီယာနည်းလမ်းသည်လည်း အဓိကကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ မည်သည့်အခါတွင်မှ အကောင်းမရေးတတ်ကြသည့် အနောက်မီဒီယာများ၊ ပြည်ပြေး ဝရမ်းပြေး မြန်မာမီဒီယာများမှာ ရွေးကောက်ပွဲ၏ ကာလသုံးပါးဖြစ်သော ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပသည့်ကာလနှင့် ရွေးကောက်ပွဲကျင်းပပြီးကာလတို့တွင် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားတို့၏ လေသံနှင့်ထပ်တူ သတင်းများရေးသားထုတ်လွှင့်ပြီး ပြည်သူကို သတင်း အဆိပ်သင့်အောင် ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း ၎င်းတို့၏ သတင်းတု၊ သတင်းမှားများ၊ ဝါဒဖြန့် အလှူခံလုပ်ကြံသတင်းများသာ တစ်ဖက်သတ် ဖုံးလွှမ်းနေစေရေးအတွက် နိုင်ငံပိုင်မီဒီယာများမှ တရားဝင်သတင်းထုတ်လွှင့်မှုများကို အွန်လိုင်းမှဖယ်ရှားစေရန် သက်ဆိုင်ရာနည်းပညာကုမ္ပဏီ များကို ဖိအားပေးခြင်း၊ ပြည်တွင်းရှိလွတ်လပ်သော ပုဂ္ဂလိကသတင်းမီဒီယာများအား ခြိမ်းခြောက်နှောင့်ယှက်ခြင်းများကို ပြုလုပ်နေကြသည်။ ရှုထောင့်အမျိုးမျိုးဖြင့် ဖော်ပြသည့်သတင်းများကို ရယူပြီး ချင့်ချိန်နိုင်ရန် ပြည်သူ၏သတင်းသိရှိပိုင်ခွင့်အခွင့်အရေးကို အဟန့်အတားပြုပြီး မမှန်မကန်သတင်းများကိုသာ တစ်ဖက်သတ်ရရှိစေရန် အဓမ္မပြုလုပ်ခြင်းဖြင့် မီဒီယာအကြမ်းဖက်မှုကိုပါ ပြုလုပ်နေကြခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ နီကာရာဂွါနိုင်ငံ၊ မြန်မာ-ဂျပန်အသင်းစသည်တို့မှ ကိုယ်စားလှယ်များ ရောက်ရှိနေကြပြီဖြစ်သလို နိုင်ငံတကာမီဒီယာ အဖွဲ့အစည်းပေါင်း ၆၁ ခုမှ သတင်းရယူမည့်သူ စုစုပေါင်း ၂၁၅ ဦး တို့ ရောက်ရှိနေပြီးလည်းဖြစ်သည်။ အမေရိကန်၊ ဩစတြေးလျ စသည့်နိုင်ငံများမှ သတင်းအဖွဲ့များက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းသတင်း ရယူကြသည့် သတင်းများကိုလည်း မိမိတို့တွေ့ရှိကြရပြီးဖြစ်သည်။ ပြည်ပသတင်းဌာနများအနေဖြင့် သတင်းရယူရေးသားထုတ်လွှင့်ကြရာတွင် ရှုထောင့်အမျိုးမျိုးမှ ရေးသားထုတ်လွှင့်ကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် လုပ်ငန်းစဉ်အာဂျင်ဒါ ရှိပြီးဖြစ်သော သတင်းဌာနများကမူ ၎င်းတို့လိုရာဆွဲ၍ သတင်းကို ပုံဖော်ကြမည်သာဖြစ်သည်။

ပြည်သူများအနေဖြင့်မူ ပြည်ပသတင်းဌာနအချို့နှင့် ပြည်ပြေးပြည်ဖျက်သတင်းဌာနများ၏ ရေးသားထုတ်လွှင့်မှုများအပေါ် ဆင်ခြင်ဉာဏ်ဖြင့် ချင့်ချိန်ယုံကြည်ကြဖို့ပင်ဖြစ်သည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူကို သတင်းအမှန်အသိပေးရန်မဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေးအတွက် မီဒီယာကို လက်နက်တစ်ခုအဖြစ် အသုံးချနေခြင်းသာဖြစ်သည်ကို ပြည်သူလူထုက သဘောပေါက် နားလည်ထားကြရန်လိုသည်။ သတင်းတစ်ခုကို ယှဉ်ထိုးချိန်ဆရန် အခွင့်အလမ်းနည်းပါးပြီး တစ်ဖက်သတ်သတင်းများဖြင့် ပြည်သူလူထုကို ၎င်းတို့လိုရာလမ်းကြောင်းဆီသို့ ရောက်ရှိအောင် ကျုံးသွင်း ဆောင်ရွက်မှုများကို သတိတမန်ဉာဏ်မြေကတုတ်ဖြင့် ဂရုပြုရှောင်ရှားကာ အမှန်တရားကို ရှာဖွေနိုင်ကြရန် နှိုးဆော်သတိပေးအပ်ပါကြောင်း။ ။


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Dec 25, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

HOT NEWS
January 4,